မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, October 26, 2015

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြိတ်မြို့နယ် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြိတ်မြို့နယ် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မြိတ် အောက်တိုဘာ ၂၅ ရက်

တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ  လုံခြုံရေးနှင့် နယ်စပ်ရေးရာ   ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊  အတွင်းရေးမှူး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့သည် အောက်တိုဘာလ ၂၅ရက်နေ့ နေ့လည် ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိသည့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ အရာရှိရိပ်သာလမ်းရှိ ရာမညမွန်ဘုန်းတော်ကျောင်းဓမ်္မာရုံတွင် ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရအမှူး ဦးအောင်ကျော်ထွန်း၊ ခရရမှူး ဒုရဲမှူးကြီးတင်ထွန်း၊ မြိတ်မနရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက်္ကဋ္ဌ ဦငွေဝင်း၊ မြိတ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက်္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက်္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သင်တန်း တက်ရောက်နေသော အထူးရဲသင်တန်းသားများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်သည်။



Saturday, September 19, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်
-----------------------------------------
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီမြို့နယ် အတွင်း ပြည်သူ့လွှတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာများ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် တင်ပြအပ်ပါသည်။

Thursday, September 17, 2015

မြိတ် ပုလော ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြီး ကားလမ်း ခေတ္တ ပိတ်ဆို

မြိတ် ပုလော ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြီး ကားလမ်း ခေတ္တ ပိတ်ဆို့
----------------------
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် စက်တင်ဘာလ(၁၆)ရက် ည(၉း၃၀)နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကဒဲကျေးရွာအုပ်စု မင်းထိန်ကျေးရွာနှင့် မကျည်းကုန်းကျေးရွာတို့တွင် တောင်မြေ ပြိုကျပြီးလမ်း ခေတ္တပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျည်းကုန်း ကျေးရွာအုပ်စု ခမောင်းတော ကျေးရွာတွင် လမ်းဘေးတောင် နံရံပြိုကျပြီး ရာဘာပင်များ လမ်းမပေါ်လဲကျ ပိတ်ဆို့မှုကြောင့် မော်တော်ယာဉ်သွားလာ၍ မရခဲ့ကြောင်း၊ မင်းထိန်ကျေးရွာနှင့် ပ၀တ်ကုန်ကျေးရွာ အကြားရှိ လမ်းဘေး တောင်နံရံမြေပြိုကျပြီး ရာဘာပင်များ လမ်းမပေါ်လဲကျ ပိတ်ဆို့မှုကြောင့် မြိတ်မှထားဝယ်သို့ ထွက်ခွာလာသော မော်တော်ယာဉ်များ ည(၉)နာရီတွင် ခေတ္တပိတ်ဆို့ခဲ့ရပြီး ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်လင်းနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မြေတူးစက် အဖွဲ့များက စုပေါင်း ရှင်းလင်းပေးခဲ့မှုကြောင့် စက်တင်ဘာလ(၁၇)ရက် နံနက်(၈)နာရီတွင် မော်တော်ယာဉ်များ လိုရာခရီးဆက်လက် ထွက်ခွာသွားနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူကြဲကျေးရွာမှ ပုလောမြို့သို့ မောင်နှင်လာသော မော်တော်ယာဉ်တစ်စီးသည် ကဒဲတံတားအနီး ကားဘီးမြေကျွံကာ လမ်းမပေါ် ကန့်လန့်ဖြတ် ပိတ်ဆို့နေရာ မော်တော်ယာဉ်များ ပိတ်ဆို့ခဲ့သဖြင့် ကယ်ဆယ်ရေအဖွဲ့မှ ဖြေရှင်းပေးမှုကြောင့် မော်တော်ယာဉ်များ လိုရာခရီးကို ဆက်လက် ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် မြိတ်မြို့၊ ရုံးတောင်လမ်းတွင် ဖွင့်လှစ်ထားရှိသော ပြည်သူများ အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးအား ကြည့်ရှုစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် မြိတ်မြို့၊ ရုံးတောင်လမ်းတွင် ဖွင့်လှစ်ထားရှိသော  ပြည်သူများ အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးအား ကြည့်ရှုစစ်ဆေး

မြိတ် သြဂုတ် ၁၆ ရက်

ပြည်သူများအတွက် ၀န်ဆောင်မှုများ မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်စေရေးအတွက် ပြည်သူ့ဝန်ဆောင်မှု ရုံးကို မြိတ်မြို့ ရုံးတောင်လမ်း  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် အဆောက်အဦတွင် သြဂုတ်လ(၁၂)ရက် နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ စက်တင်ဘာလ(၁၆)ရက် နံနက်(၁၁း၃၀)နာရီက ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြည်သူ့များအတွက် ၀န်ဆောင် မှုများ ဆောင်ရွက်ပေးလျက် ရှိသည့် ဌာနများမှ တာဝန်ရှိသူများအား ပြည်သူများ၏ အခြေခံလိုအပ်ချက် များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရာတွင် အဆင်ပြေ ချောမွေစွာ ဖြည့်ဆည်းဆောင်ရွက်ရေး၊ လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများ တားမြစ်၍ ထိရောက်သောဝန်ဆောင်မှု အလေ့အကျင့်များ ပြုစုပျိုးထောင်နိုင်ရေး၊ ပြည်သူများက အစိုးရဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွားလာစေရေး၊ တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများ ဦးစီးဌာနအလိုက် အပြန်အလှန် ထိန်းကျောင်းမှုပြုနိုင်ရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရည်ရွယ်ချက်(၄)ရပ်အတိုင်း အချိန်တိုအတွင်း ပြည်သူများ၏ လိုအပ်ချက်ကို ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 ပြည်သူ့ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ကျန်းမာရေး ဦးစီးဌာန၊မြေစာရင်းဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ မီးသတ် ဦးစီးဌာနတို့ စုပေါင်း၍ ပြည်သူများအား ၀န်ဆောင်မှုများ ရုံးလုပ်ငန်းများ မြန်ဆန်စွာဖြင့် သက်ဆိုင်ရာ ဌာနများအလိုက် သက်တိုင်ရာကဏ္ဍများတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ၀န်ဆောင်မှု လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက် ပေးဆောင်ရွက်ပေးလျက် ရှိသည်။

ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် မြိတ်ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်^မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် မြိတ်ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်^မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ
------------------

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အဖွဲ့သည်    (၁၅-၉-၂၀၁၅) ရက်နေ့ နေ့လည် (၂)နာရီ အချိန်၌  မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ပုလဲရတနာ ခန်းမတွင် ခရိုင်^ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်^ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ခရိုင်^မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်သည်။



တွေ့ဆုံပွဲ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင်၊ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း၊ မြိတ်မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးတို့မှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ (၁-၁-၂၀၁၅)ရက်နေ့မှစ၍ လုံခြုံရေး ဆိုင်ရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု အခြေအနေများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်းများ ပို့ချသင်ကြားမှုများ၊ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်း အောင်မြင်စွာဖြင့် ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲ ကာလအား အပိုင်း(၄)ပိုင်းဖြင့် အပိုင်းအလိုက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများနှင့် ဆောင်ရွက်မည့် အစီအမံများအား အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး မျိုးသန့်မှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိန်ခေါ်မှုများ ကြုံတွေ့နိုင်သဖြင့် လုပ်ဆောင်မှုတိုင်း ဥပဒေနှင့် ညီညွတ်ရန် လိုအပ်ကြောင်း၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရေး အတွက် ပြည်သူ့အင်အားကို မှန်ကန်စွာ ရယူရန်တို့နှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

ထိုနောက် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးမှ ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီတွင် ဒုဥက္ကဋ္ဌဖြစ်ပြီး လုံခြုံရေးနှင့် ပတ်သက်သည့် အစီအမံများအား လက်တွဲ ဆောင်ရွက်မည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်သူများ သိရှိနိုင်ရန် အသေးစိပ်ချပြ ရှင်းလင်းကာ ရွေးကောက်ပွဲအား လုံခြုံပြီး တည်ငြိမ် အေးချမ်း ရန် လိုအပ်ပါကြောင်း နှင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်များ၊ မဲရုံလုံခြုံရေး စီမံချက်မှ တစ်ဆင့် ပေါင်းစပ်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းစသဖြင့် အဆင့်ဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံချက်ရရှိမှာ ဖြစ်ကြောင်းနှင့် စီမံချက် အပိုင်းအလိုက် တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက် ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် လိုအပ်သလို လုံခြုံပြီး တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ အထူးရဲများ ကိုလည်း သေချာစွာ စိစစ်ရွေးချယ် ခန့်အပ်ခဲ့ကြောင်း၊ အထူးရဲများအား ရွေးချယ်စဉ် ကတည်းက ဘုတ်အဖွဲ့ဖြင့် သေချာစွာ ရွေးချယ်ခဲ့ကြောင်း၊ ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး အတွက် မဲရုံ တည်နေရာအား မူတည်ပြီး လုံခြုံရေး အစီအမံရေးဆွဲ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မဲရုံတည်နေရာ ပြောင်းလဲပါက လုံခြုံရေး အစီအမံလည်း ပြောင်းလဲရမှာ ဖြစ်ကြောင်း၊ မဲရုံလုံခြုံရေး စီမံချက်မှစတင်ဆောင်ရွက်ပါမှ မြို့နယ်၊ ခရိုင်၊ တိုင်း စသည့် ရွေးကောက်ပွဲ စီမံချက် ရရှိလာမှာ ဖြစ်ကြောင်း၊ မဲရုံတစ်ရုံချင်း လုံခြုံရေး စီမံချက် ပါရှိမှသာ တစ်နိုင်ငံလုံး လုံခြုံရေး စီမံချက်ရရှိမှာ ဖြစ်ကြောင်းနှင့် စိတ်အေးချမ်းသာစွာ ရွေးကောက်ပွဲ ဆောင်ရွက်နိုင်မှာဖြစ် ကြောင်း၊ မဲစာရင်း ကြေငြာသည့် အချိန်တွင်လည်း အရေးကြီး ပါကြောင်း၊ ရွေးကောက်ပွဲ ကာလ အပိုင်း(၄)ပိုင်း စလုံး တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဆက်သွယ်ရေး အပိုင်း အနေဖြင့်လည်း အရေးကြီးပါကြောင်း၊ ဆက်သွယ်မူ ခက်ခဲသည့် နေရာဒေသ များအား မဲလက်မှတ် သယ်ယူပို့ဆောင်စဉ်လုံခြုံရေး သည်လည်း အရေးကြီး ပါကြောင်း၊ ရွေးကောက်ပွဲ အား တည်ငြိမ်အေးချမ်းစွာ ကျင်းပဆောင်ရွက် နိုင်ရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်မှသာ အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက် ပြီးစီးနိုင်မှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတ လုံခြုံအောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံး ပူးပေါင်းပါဝင်နိုင်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

Wednesday, September 16, 2015

ချောင်းလမုတံတားပျက်စီးမှုအား ယာယီဘေလီတံတား ဆောက်လုပ်ပြီးစီး



ချောင်းလမုတံတားပျက်စီးမှုအား ယာယီဘေလီတံတား ဆောက်လုပ်ပြီးစီ

နေပြည်တော် ၊ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာ မိုင်တိုင်အမှတ်(၇၂)ရှိ အရှည် ၁၄၀ ပေ၊ အကျယ် ၁၄ ပေ ချောင်းလမုတံတား (ဘေလီတစ်ထပ်)သည် စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် ပျက်စီးခဲ့ပြီး လူနှင့်ဆိုင်ကယ်များ သွားလာနိုင်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာယီရေပေါ် ၀ါးတံတားဆောက်လုပ်ပေးခဲ့သည်။


ထို့အတူ မော်တော်ယာဉ်များ သွားလာနိုင်ရန်အတွက် မူလတံတား၏အထက် ၂ ဖာလုံခန့်တွင် ရှောင်ကွင်းလမ်း ဖောက်လုပ်၍ အရှည် ၁၀၀ ပေ၊ အကျယ် ၁၃ ပေရှိ ဘေလီတံတား(ယာယီ)အား ဆက်လက်ဆောင်ရွက် ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး မြိတ်-ဘုတ်ပြင်း-ကော့သောင်းသို့ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း
သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Tuesday, September 15, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်
-----------------------------------------
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာများ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် တင်ပြအပ်ပါသည်။

အခြားသောပါတီ ကိုယ်စားလှယ်လောင်းများအား ဆက်လက်တင်ပြပေးသွားပါမည်။

Saturday, September 12, 2015

တနင်္သာရီမြို့နယ် ၊ချောင်လမုကျေးရွာ တံတားကျိုးပြီး ကားပြုတ်ကျမှုဖြစ်ပွား

တနင်္သာရီမြို့နယ် ၊ချောင်လမုကျေးရွာ တံတားကျိုးပြီး ကားပြုတ်ကျမှုဖြစ်ပွား
==============================
      ၂၀၁၅ ခုနှစ်၊စက်တင်ဘာလ ၁၁ ရက်နေ့ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် တနင်္သာရီမြို့နယ် ၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာအထွက် မိုင်တိုင်အမှတ် ၇၂ မိုင် ၂ ဖာလုံရှိ ချောင်းလမုတံတား ကျိုးကျမှုဖြစ်ပွားခဲ့သည်။


Thursday, September 10, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်
-----------------------------------------
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာများ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် တင်ပြအပ်ပါသည်။

အခြားသောပါတီ ကိုယ်စားလှယ်လောင်းများအား ဆက်လက်   တင်ပြပေးသွားပါမည်။

Wednesday, September 9, 2015

မော့တောင်နယ်စပ်ဂိတ်၌ မားစ်ရောဂါဗိုင်းရပ်စ်ပိုး စောင့်ကြပ်စစ်ဆေးပေးလျက်ရှိ

မော့တောင်နယ်စပ်ဂိတ်၌ မားစ်ရောဂါဗိုင်းရပ်စ်ပိုး စောင့်ကြပ်စစ်ဆေးပေးလျက်ရှိ

တနင်္သာရီ - စက်တင်ဘာ(၈)ရက်

 ပြည်သူအများစိုးရိမ်ပူပန်လျက်ရှိသည့်  မားစ်ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်မှုမရှိစေရေး၊ ကြိုတင် ထိန်းချုပ်နိုင်စေ
ရေးအတွက် နေရာအနှံ့တွင် စောင့်ကြပ်စ စ်းဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု - (မြန်မာ-ထိုင်း) မော့တောင်နယ်စပ်ဂိတ်(မြန်မာ) လူဝင်လူထွက်ဖြတ်သန်း ဂိတ်တွင် မားစ်ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကျန်းမာရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်မှစ၍ နေ့စဉ်စောင့်ကြပ်စစ်ဆေးပေးလျက်ရှိသည်။